Apr 20, 2009
Labels:
Technology
ဒီနည်းလေးကို သိထားတာတော့ကြာပါပြီ ဒါပေမယ့် ကျွန်တော်သိထားတာက Desktop ပေါ်က Icon တွေ Application တွေအတွက်ဆိုတာပဲ သိထားတာ မြန်မာဖောင့်အတွက် အသုံးတည့်တယ်ဆိုတာ မသိဘူးဗျ။ အခု ကိုမောင်လှ Blog ထဲဝင်ကြည့်မှပဲ မြန်မာဖောင့်အတွက် အသုံးတည့်မှန်း သိလာတယ်။ ဒီနည်းလေးကို မြန်မာစာချစ်သူများ အတွက် လက်ဆင့်ကမ်းလိုက်ပါတယ်။ ကိုမောင်လှနည်းအတိုင်း စမ်းကြည့်ပါ တကယ် အသုံးဝင်ပါတယ်။
Myanmar Unicode သုံးရင် ကြည့်လို မလှဘူး ဖြစ်နေပါတယ်၊ စာလုံးအနားတွေက ဖွာလန်ကြဲနေပါတယ် ဆိုတဲ့ သူငယ်ချင်းများ အတွက်ပါ... သူငယ်ချင်းတစ်ယောက်က ပြောတယ်ဗျ... မင်းယူနီကုတ်စာလုံးက ဖွာထွက်နေတာပဲ မကြိုက်ဘူးတဲ့... ၀င်းအင်းဝကမှ လှတာတဲ့... ကျွန်တော်က ဟာ ကျွန်တော့်ဆီမှာ ၀င်းအင်းဝ ထက်တောင် ပိုလှတယ်ပြောတာကို သူမယုံပါဘူး...
ကျတော် ရန်ကုန်သွားရတော့ အဲဒီက ကွန်ပျူတာကိုင်တော့မှ သူပြောတဲ့ အတိုင်း စာလုံးတွေ ဖွာနေတာကို တွေ့ရပါတယ်... အဖြေရှာကြည့်တော့ အောက်ကအတိုင်း လုပ်လိုက်တာ အဆင်ပြေသွားတာကို တွေ့ရပါတယ်...
ကျတော် ရန်ကုန်သွားရတော့ အဲဒီက ကွန်ပျူတာကိုင်တော့မှ သူပြောတဲ့ အတိုင်း စာလုံးတွေ ဖွာနေတာကို တွေ့ရပါတယ်... အဖြေရှာကြည့်တော့ အောက်ကအတိုင်း လုပ်လိုက်တာ အဆင်ပြေသွားတာကို တွေ့ရပါတယ်...
၁ - Control Panel ထဲက Display Properties ထဲဝင်ပါ... (Desktop ရဲ့ လွတ်နေတဲ့ နေရာမှာ right click လုပ်ပြီး Properties ကိုရွေးရင်လည်း Display Properties ထဲကို ရောက်ပါတယ်...)
၂ - Apperance tab ထဲက Effect button ကို click နှိပ်ပါ...
၃ - Use the following method to smooth edges of screen font ဆိုတဲ့ စာသားရှေ့မှာ ရှိတဲ့ လေးထောင့်အကွက်ထဲမှာ အမှန်ခြစ်ရှိအောင် ကလစ်လုပ်ပါ...
၎ - ပြီးရင် အောက်ကပ်လျှက် List box ထဲမှာ ClearType ကို ပြောင်းပေးပါ...
၅ - အဲဒါဆိုရင်ရပါပြီ... OK button တွေကို ကလစ်လုပ်သွားလိုက်ပါ...
ကဲ.... မြန်မာစာချစ်သူများ ပျော်ရွှင်နိုင်ကြပါစေ.....








0 comments:
Post a Comment
Note: Only a member of this blog may post a comment.