May 3, 2009
Labels:
Donation Trip,
Rememberance's
ကျွန်တော်တို့ ပလန်းနက် တီးရှော့နဲ့ မြန်မာချက်က သူငယ်ချင်းများရဲ့ စုပေါင်းအလှုကို မှတ်တမ်းတင်ချင်တဲ့ ဆဒ္ဒလေးတစ်ခုရယ်၊ အရင်က အွန်လိုင်းသူငယ်ချင်းများကို ပြန်ပြီး အမှတ်ရတာရယ် ကြောင့် ဒီပို့စ်လေးကို တင်လိုက်တာပါ။ ကျွန်တော်တို့ အွန်လိုင်းသူငယ်ချင်းများရဲ့ စုပေါင်းအလှုပွဲလေးများကို မကြာခဏ လုပ်ဖြစ်ခဲ့ကြပါတယ်။ Oversea က သူငယ်ချင်းများကလဲ အလှုငွေကို စုပေါင်း ထည့်ဝင်ခဲ့ကြပါတယ်။ အဲဒီတုန်းက လစဉ်လတိုင်း ပထမပါတ် တနင်္ဂနွေနေ့တိုင်း ဘားလမ်းက ဦးညို လို့ သိကြတဲ့ Mr. Brown Coffee Shop အပေါ်ထပ်မှာ အမြဲဆုံတွေ့ကြတာကို အခုချိန်အထိ ရင်ခုန်မိနေဆဲပါ။
ပလန်းနက်နဲ့ မြန်မာချက်က သူငယ်ချင်းအသစ်တွေကိုလဲ အမြဲဖိတ်ခေါ် ကြိုဆိုခဲ့ကြပါတယ်။ ကျွန်တော်လဲ တီးရှော့မှာ အချိန်ကြာကြာချက်ခဲ့ပေမဲ့ Mr. Brown Coffee Shop ကိုတော့ 2006 March မှ စပြီး သူငယ်ချင်းတွေနဲ့ သွားတွေ့ဆုံခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော်အရင်ဆုံး မြင်ဖူးခဲ့တာက ကိုမင်းလွင်၊ ကိုဟန်၊ ကိုမဟာ၊ ကိုအောင်၊ ABC၊ မမိုး၊ ရုပ်ဆိုးမ၊ မပျားရည်ချို၊ သဲသဲ၊ Eleven၊ ညီမလေးဖြူ၊ ယန်ယန်၊ ကိုစမ်းချောင်း တို့နဲ့စတွေ့တာပဲ။ နောက်ပိုင်းကျတော့ ချက်ထဲက သူငယ်ချင်း အကုန်လိုလို Mr. Brown Coffee Shop မှာ ဆုံတွေ့ခဲ့ကြပါတယ်။ ဒီလိုခင်မင်စရာကောင်းတဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အပြင်မှာ Online Donation တွေလုပ်တိုင်း ပါဝင်ခဲ့ရတာ အရမ်းလဲ ပျော်ဖို့ကောင်းပါတယ်။ အဲဒီတုန်းက အခုပလန်းနက်လိုမျိုး မန်ဘာစနစ်တွေ ဘာတွှေမရှိဘူး။ ချက်ထဲမှာခင်တဲ့ သူငယ်ချင်းကို Mr. Brown Coffee Shop ကိုလာဖို့ ဖိတ်ခေါ်လိုက်တာပဲ။ Online Donation လုပ်တော့ တစ်ချို့က ကိုယ်တိုင်မပါဝင်နိုင်ပေမဲ့လဲ အလှုငွေ ထည့်ဝင်ကြပြီး ကုသိုလ်ပြုခဲ့ကြပါတယ်။
အခုတော့ ပလန်းနက် တီးရှော့ နဲ့ မြန်မာချက်မရှိတော့ အရင်လိုမျိုး ဦးညိုမှာ မဆုံဖြစ်ကြတော့ပါဘူး။ တစ်ချို့လဲ အလုပ်ကိစ္စတွေကြောင့်၊ တစ်ချို့လဲ Oversea ကို ရောက်ကုန်ကြတာကြောင့်ရယ်ပါ။ ကျွန်တော်ကိုယ်တိုင်လဲ Oversea ကို ရောက်နေတာကြောင့် အရင်လိုမပါဝင်နိုင်တော့ပါဘူး။ သို့ပေမဲ့ အချို့သော သူငယ်ချင်းများကတော့ ဆက်လက်ပြီး ဆောင်ရွက် နေပါသေးတယ်။ တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် အရင်လိုမျိုး စုစုစည်းစည်းနဲ့ သူငယ်ချင်းတွေ ပြန်လည် ဆုံတွေ့ချင်ပါသေးတယ်။ ယခုအချိန်မှာတော့ အွန်လိုင်းကနေပြီး အသင်းအဖွဲ့ရယ်လို့မဟုတ်ပဲ စုပေါင်းပြီး အကျိုးပြုနေကြတဲ့သူတွေ အများကြီး တွေ့လာရပါတယ်။ အွန်လိုင်းမှာ ချင်တင်ထိုင်ရုံမဟုတ်ကြပါဘူး အများအတွက် အကျိုးပြုနေကြတာ ဖြစ်တဲ့အတွက် ၀မ်းသာမိပါတယ်။
ဒီပုံတွေက မိဘမဲ့ကလေး ပြုစုရေှးဌာနမှာ 2006 ခုနှစ် မတ်လ (19) ရက်နေ့မှာ လှုဒါန်းတုန်းက ပုံတွေပါ။ အရင် 2005 လောက်တုန်းက ဓါတ်ပုံတွေကတော့ ကိုဟန့်ဆီမှာ တောင်းရဦးမယ်။

ထောက်ကြန့်ကိုသွားဖို့ ၈မိုင်မှာ ကားစောင့်နေကြတုန်း ရိုက်ထားတာပါ။
လူစုံတုန်း အမှတ်တရ ဓါတ်ပုံရိုက်ကြတာပေါ့။ ဘယ်ဘက်အစွန်က ကျွန်တော်၊ ဘေးက ကိုဟန်၊ ကိုဗျာလေး က ကိုဟန့်ကို ဘာတွေ ပြောနေလဲ မသိဘူး၊ မယ်လိုဒီဘွိုင်း၊ ကိုထက်နဲ့ ပူတူး (မသိတဲ့သူဆို အတွဲထင်ကြမယ် ဓါတ်ပုံဆရာ လက်စွမ်းလေ)၊ နောက်ပြီး မကေ၊ အတာ၊ Angel နဲ့ ကလေးလေး တို့ပေါ့။
တက်ညီလက်ညီနဲ့ ချီတက်ကြပြီလေ။ ကိုထက်က ကိုဟန်နဲ့ အထုပ်ချင်း လဲကိုင်လိုက်တယ်။
မိဘမဲ့ကလေးလေးတွေနဲ့ အမှတ်တရဓါတ်ပုံပါ။

0 comments:
Post a Comment
Note: Only a member of this blog may post a comment.