Get Adobe Flash player
Lyn Lyn May 4, 2009 Labels:

"မနက်စောစော"

မီးတိုင်လေး မှိတ်တုတ် မှိတ်တုတ်နဲ့
မီးမှုတ်တဲ့ ပြောင်းသံ
ချောင်းသံနဲ့ရော....။
ထင်းစိုစို မီးမလိုက်တော့
ပန်းလှိုက်လို့မော....။

လယ်ဆင်းမယ့် သားမောင်
ယောင်လို့တောင်နေသေး...
ခမျာ ပန်းရှာထင့်
ကျန်းမာစေ အကျိုးတွက်ပေမို့
နှိုးခက်တယ်လေး....။

မီးအရှိန်ကောင်းလို့
ကောက်ညှင်းပေါင်း အငွေ့လှိုင်
လယ်ဆင်းသူ လူပျိုသိုးက
မနိုးတော့နိုင်....
လက်နှီးခု တကိုင်ကိုင်
မီးတိုင်လေး တမြောက်မြောက်....
ကြမ်းနင်းသံ ချွတ်ချွတ်ကြားတော့
သားက နောက်ရောက်....။

အငွေ့တထောင်းထောင်းနဲ့
ကောက်ညှင်ပေါင်း တစ်ဇလုံ၊
ဆီမပါ ဆားမပေါက်တဲ့
ငါးခြောက်တစ်ပုံ။
ဖအေတူ ပုဆိုးခြုံ
တအိုးကုန် အပြောင်ရှင်း....
သွားလေသူ ကောက်ညှင်းကြိုက်ကို
လွမ်းလိုက်လေခြင်း....။

မီးတိုင်က ဆီကုန်
အရုဏ်က လင်းလုလု....၊
သည်မီးဇာ ဘယ်ခါကျွမ်းမယ်
မှန်းမျက်ရည်ဥ.....။
(အမေသို့ . . . .)

စူးရှလင်းလက်

*ကျွန်တော့်ဆီကို Forward Mail နဲ့ရောက်လာတဲ့ စူးရှလင်းလက်ရဲ့ မေလ(၁၀)ရက်နေ့မှာ ကျရောက်မည့် အမေနေ့ အမှတ်တရကဗျာလေးပါ အမေနဲ့ဝေးမှ အမေ့မေတ္တာကို ပိုမိုနားလည်မိလို့ ဒီကဗျာလေးကို အားလုံးအတွက် ပြန်လည် မျှဝေလိုက်တာပါ*

Read More

0 comments:

Post a Comment

Note: Only a member of this blog may post a comment.

Pages