Get Adobe Flash player
Lyn Lyn Jul 9, 2009 Labels:


*ပန်းသဇင်နှင့်ပမာတင်သော*

မွှေးကြူကြူ ဟိုပင်မြင့်ဆီက
ဖွေးဖြူဖြူ အစဉ်တင့်ပါဘိ
သဇင်မြင့် ပန်းသော်မော်
မြေမခသူမို့ ကြွေမကျလေဘူး
မြေပြင်ကလူ အထင်နှင့်
မှန်းပါရ ရမ်းဆကာမျှော်
တက်ယူရန် ကိုယ်မ၀ံ့တာကြောင့်
ခက်တံခြူ ဖွေရှာလို့ဆင့်ပါရဲ့
သေလာမြင့် ဤမြိုင်ပေါ်
မလျှော်ပါတဲ့ ကံအကြောင်းကြောင့်
မန်တင်းနှင့်လေ
ထန်ပြင်းစွာ လေဟုန်ဆင်တော့
ပန်ချင်သူ တံခြူတိမ်းအောင်
ယိမ်းနွဲ့ နွဲ့နှောင်း။

Lyn Lyn
31-8-2006

Read More

1 comments:

  1. hi..ko lynn..ur website is very nice..good luck..

Post a Comment

Note: Only a member of this blog may post a comment.

Pages