Jul 3, 2009
Labels:
Donation Trip
သံဃာတော် အရှင်မြတ်တို့အား မြတ်မာဗုဒ္ဓဘာသာ လူမျိုးတို့၏ ထုံးထမ်းစဉ်လာနှင့်အညီ ဒါဆိုသင်္ကန်း စုပေါင်းဆက်ကပ်လှူဒါန်းပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ Taman Seri Sentosa ရှိ Kin Yap Plastic ကုမ္ပဏီတွင် ၅-၇-၂၀၀၉ တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ နံနက် ၁၀ နာရီတွင် ဆရာတော် သဒ္ဓမ္မောဒယမှ တရားတော်ဟောကြားမည်ဖြစ်ပြီး နံနက် ၁၀နာရီ ၃၀မိနစ်တွင် ဆရာတော်ထံသို့ ၀ါဆိုသင်္ကန်း ကပ်လှူမည်ဖြစ်၍ နံနက်၁၁နာရီတွင် ဧည့်သည်တော်များအား ကျွေးမွေးဧည့်ခံမည်ဖြစ်ပါသည်။ သို့ပါ၍အဆိုပါ ၀ါဆိုသင်္ကန်းကပ်လှူပွဲသို့ Kin Yap Plastic ညီအကိုမောင်နှမများနှင့်အတူ တရားတော်နာယူပြီး လှူဒါန်းအပ်သောဒါနကုသိုလ် အစုစုတို့ကို လှူဒါန်းဆက်ကပ် အမျှဝေလိုသောကြောင့် အထက်ပါအစီအစဉ်တိုင်း ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။ ၀ါဆိုသင်္ကန်းကပ်လှူးခြင်း၏ အနက်အဓိပါယ်ကို ဤနေရာတွင် အသေးစိတ် ဖတ်ရှုလေ့လာနိုင်ပါသည်။ အဆိုပါ ၀ါဆိုသင်္ကန်းကပ်လှူပွဲတွင် လှူဖွယ်ဝတ္ထု အစုစု တို့ကို အောက်ဖော်ပြပါ ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်လှူဒါန်း ပူဇော်နိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်။
ကိုမိုးဝင်း (Kin Yap Plastic)
Ph : +6012 3009810
ကိုမင်းသူဌေး (Kin Yap Plastic)
Ph : +6017 2730075
ကိုမိုးဝင်း (Kin Yap Plastic)
Ph : +6012 3009810
ကိုမင်းသူဌေး (Kin Yap Plastic)
Ph : +6017 2730075
ဝါဆိုသင်္ကန်းလှူရကျိုး
ဝါဆိုဒါန၊ မြတ်လှပေတာ
ကင်္ကန်းလှူရ၊ ထူးလှစေတနာ
ရုပ်ဆင်းလှပ၊ ရွှေမြရောင်ဝါ
မြင်သူဝိုင်း၊ ရှုတိုင်းငေးရရှာ
ကင်္ကန်းလှူရ၊ ထူးလှစေတနာ
ရုပ်ဆင်းလှပ၊ ရွှေမြရောင်ဝါ
မြင်သူဝိုင်း၊ ရှုတိုင်းငေးရရှာ








0 comments:
Post a Comment
Note: Only a member of this blog may post a comment.