Jul 17, 2009
Labels:
poem
ကျွန်တော့ဘလော့ခ်မှာ ပို့စ်အသစ်မတင်ဖြစ်သေးလို့ လာလည်ကြတဲ့သူငယ်ချင်းများနဲ့ မိတ်ဆွေများကို လွန်စွာအားနာမိပါတယ်။ အခု ကျွန်တော့်အဆောင်မှာအတူနေတဲ့ အစ်ကိုတစ်ယောက်ရေးထားတဲ့ ကဗျာတစ်ပုဒ်ကိုပဲ ပို့စ်အသစ်တစ်ခုအနေနဲ့ တင်ပေးလိုက်ပါတယ်။ သူ့ကဗျာလေးတွေကို ပြန်လည် မျှဝေပေးစေချင်လို့ ကျွန်တော့ဘလော့ခ်မှာ တင်ထားလိုက်တာပါ။ သူကတော့ နောက်ထပ်ကဗျာတစ်ပုဒ်ကို အားကျိုးမာန်တက် ရေးနေလေရဲ့ ......
ပျားရည်တောင်တန်း
မနွမ်းစေနဲ့ကွယ်
ပန်းကလေးရယ်
ဘုံခုနှစ်နန်း
မြရောင်လွှမ်းတဲ့
အလှမ်းဝေးကွာ
ဘုံကမ္ဘာသို့
စိတ်ဝယ်မျှော်မှန်း
မင်းဘာကြောင့် လှမ်းသလဲ
မနွမ်းစေချင်ဘူးကွယ်
ပန်းကလေးရယ်
ဘုံခုနှစ်နန်း
မြရောင်လွှမ်းတဲ့
အလှမ်းဝေးကွာ
ဘုံကမ္ဘာဟာ
ပန်းကလေးများအတွက်
ဝတ်ရည်လည်းခမ်း
ပန်းတွေလဲနွမ်းတဲ့
မာယာဘုံစခန်း
ပျားတောင်တန်း။
ရေးသားသူ- ရွှေထုံး (ပျိုတို့မောင် ဧရာဝတီ)
မနွမ်းစေနဲ့ကွယ်
ပန်းကလေးရယ်
ဘုံခုနှစ်နန်း
မြရောင်လွှမ်းတဲ့
အလှမ်းဝေးကွာ
ဘုံကမ္ဘာသို့
စိတ်ဝယ်မျှော်မှန်း
မင်းဘာကြောင့် လှမ်းသလဲ
မနွမ်းစေချင်ဘူးကွယ်
ပန်းကလေးရယ်
ဘုံခုနှစ်နန်း
မြရောင်လွှမ်းတဲ့
အလှမ်းဝေးကွာ
ဘုံကမ္ဘာဟာ
ပန်းကလေးများအတွက်
ဝတ်ရည်လည်းခမ်း
ပန်းတွေလဲနွမ်းတဲ့
မာယာဘုံစခန်း
ပျားတောင်တန်း။
ရေးသားသူ- ရွှေထုံး (ပျိုတို့မောင် ဧရာဝတီ)









1 comments:
friends
July 20, 2009 at 6:05 PM
Post a Comment
Note: Only a member of this blog may post a comment.